မုဒုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဖူ ဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မုဒုံ   ဇန်နဝါရီ   

မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ဘော်လုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမျိုးသား ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှစတင်ကာ မြို့နယ်အတွင်းရှိ ဖူဆယ်အားကစားဝါဒနာရှင်အသင်း ၁၃ သင်းတို့က လေးအုပ်စုခွဲ၍ လေးသင်းတစ်အုပ်စု၊ သုံးသင်း သုံးအုပ်စုဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲစဉ်တွင် TL.FC အသင်းက ပိတောက်စိမ်း FC အသင်းကို ဂိုး ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။    ဆက်လက်၍  ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများက ပထမ တံခွန်စိုက်ဆု၊ အသင်းလိုက်ငွေသားဆု၊ တစ်ဦးချင်းဆု၊ ဒုတိယအသင်းလိုက်ဆု၊ တစ်ဦးချင်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)