မော်လမြိုင်၊ ဇန်နဝါရီ ၄
မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရှိစေရန်အတွက် ဒေသတွင်း အလား အလာကောင်းများရှိသည့် စီးပွားရေး လုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ် စဉ် (၁/၂၀၂၃) ကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်စွာမြင့်က နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ ငွေများဖြင့် မွန်ပြည်နယ် အတွင်းရှိ အဓိကအားဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ၊ ငါးလုပ်ငန်းနှင့် သမဝါ ယမလုပ်ငန်းများကို စိစစ်အတည်ပြု၍ ပထမအကြိမ် ထုတ်ချေးဆောင်ရွက် ထားပြီးကြောင်း၊ ဒုတိယအကြိမ် ချေးငွေထုတ်ပေးမှုအခြေအနေအရ ဒေသ၏လိုအပ်ချက်များ ပေါ်တွင် မူတည်၍ ကဏ္ဍအလိုက် လုပ်ငန်းများကို မတည်ထောက်ပံ့ငွေထုတ်ပေးရန် အတည်ထုတ်ချေးထားပြီး တတိယအကြိမ် ထပ်မံချေးငွေရယူလိုသည့် လုပ်ငန်းများကိုလည်း စိစစ်တင်ပြ ကြရန် လိုကြောင်း၊ ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေးကဏ္ဍ အနေဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သည့် အပြင် ရန်ပုံငွေသုံးစွဲရာတွင် ပြည်သူ လူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်စေရန် လိုအပ်ကြောင်း ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်မှ မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် လုပ်ငန်း အခြေအနေများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေး ထားမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများမှ ဖြည့်စွက်အကြံပြုဆွေးနွေးကြကာ လိုအပ်သည်များကို ပေါပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်