(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၃

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈နာရီအချိန်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (မော်လမြိုင်) အားကစားရုံများ၌ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် အားကစားများအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစသည့် အားကစားနည်းများဖြင့် ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျန်ရှိသည့် ကစားနည်းများကို ယနေ့နံနက်နက်ပိုင်းက ထုတ်ဆီးတိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)