ချောင်းဆုံ ဇန်နဝါရီ ၂
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးသတ်စွမ်းရည်ပြည့်ဝစွာမီးငြှိမ်းသတ်နိုင်ရေး ပြည်သူများ၏ လူမှုရေးလုပ်ငန်းများတွင် စေတနာထား လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် (၉)နာရီ အချိန်က ချောင်းဆုံမြို့နယ် မီးသတ်စခန်းတွင်ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအား ဝတ်စုံပေးအပ်သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ ပြောကြားခဲ့ကာ သင်တန်းကို (၄)ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ ဆက်)