မော်လမြိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃) မူကြိုကျောင်းနှင့်အမျိုးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော  (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲများကို ယမန်နေ့ နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်  စသည့်  ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်​ပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၃) မူကြိုကျောင်းမှ ကျောင်သား/ သူလေးများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)