ကျိုက်မရော ဒီဇင်ဘာ ၂၉
စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူတိုင်း အားလပ်ချိန်တွင်စာပေဖတ်ရူသည့် အလေ့အကျင့်ကောင်း များ ရရှိ စေရန် အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားစာကြည့် တိုက်စနစ်ဖြင့် စာအုပ်များ လှည့်လည် ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ က ဌာနဆိုင်ရာ ရုံးများသို့ သွားရောက် ငှားရမ်းခဲ့သည်။
ထိုသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးရာ၌ စာဖတ်သူပရိတ်သတ်အကြိုက် သုတ၊ ရသ စာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်း၊ ဂျာနယ်၊ ရွှေသွေးစာစောင်များကို မိုဘိုင်း စာငှားပုံးများအသုံးပြု၍ ယူဆောင်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ စီမံကိန်းရုံးနှင့်သစ်တောဦးစီးဌာန ဝန်ထမ်းအိမ်ယာများသို့ လှည့်လည်ကာ တစ်ဦးလျှင်သုံးအုပ် နှုန်းစီဖြင့် အချိန် ၅ရက်ပေး၍ ငှားရမ်းစေခဲ့ပါသည်။
ထို့ပြင် ရပ်ကွက်အတွင်းရှိ စာဖတ် ပရိတ်သတ်များအတွက် ရပ်ကွက် စာကြည့်တိုက်များတွင် စုရပ်ထား၍ စာဖတ်သူလက်ဝယ်အရောက် စာအုပ်များလှည့်လည် ငှားရမ်းပေးခြင်းများကိုလည်း အပတ်စဉ်သောကြာနေ့တိုင်း သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရော (ပြန်/ဆက်)