ကျိုက်ထို ဒီဇင်ဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ တွင် ကျိုက်ထိုမြို့ အမှတ် (၃)အခြေခံပညာမူလတန်းလွန်(ရှမ်းစု)ကျောင်း၌နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့သည်။
နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသားကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုရေး၊ ကျောင်းစာကိုကြိုး စားကြသလို ဗဟုသုတတိုးပွားစေရန် ပြင်ပ စာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသားကျောင်း သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲများ ကျင်းပပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် သဘာဝဘေးအန္တရာယ် ဆိုင်ရာအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အစရှိသည့်အသိ ပညာပေးနံရံကပ်စာစောင် များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)