မုဒုံမြို့၌ မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်း ဆရာအဖြစ်ဆင့်ပွားသင်တန်းဖွင့်လှစ်

မုဒုံ     ဒီဇင်ဘာ     ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်း ဆရာအဖြစ်ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ  မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာကျော်မိုးနိုင်က ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို အဆင့်မြှင့်တင်ပေးနိုင်ပြီး ရှေးဦးသူနာပြုစုခြင်းကို လုပ်ဆောင်တက်စေရန်၊ စာသင်ကျောင်းရှိ ကလေးများတွင် ကြုံတွေ့ရတက်သော အန္တရာယ်များဖြစ်ပွားပါက ရှေးဦးသူနာပြုစုခြင်းဖြင့် ဝေဒနာသက်သာစေ၍ အသက်ချမ်းသာမှုရရှိစေရန်၊ အသက် ၁၀ နှစ်အောက်အရွယ် ကလေးငယ်များကိုယ်တိုင် လိုက်နာဆောင်ရွက်လွယ်သော သင်ခန်းစာများနှင့် အခြေခံကျန်းမာရေးဝန်ထမ်း စာသင်ကျောင်းအသီးသီးမှ ဆရာ/ဆရာမတို့၏ ကျွမ်းကျင်မှုဖြင့် ပူးပေါင်းသင်ကြားလိုက်လျှင် ကလေးငယ်များဘဝတည်းက ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည့် မျိုးဆက်သစ်ကလေးများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင်နည်းပြလေးဦးမှ ဒဏ်ရာရ၍ သွေးထွက်ခြင်း၊ သွေးလန့်သွေးဆုတ်ခြင်း၊ အရိုးကျိုးခြင်း၊ အပူလောင်ခြင်း၊ အင်းဆက်၊ မြွေ၊ ကင်း၊ ခွေးကိုက်ခြင်းနှင့်မျက်စိဒဏ်ရာရခြင်းစသည့် သင်ခန်းစာများကို ဆရာ/ဆရာမသင်တန်းသား(၁၀၁)ဦးအား သုံးရက်ကြာစာတွေ့သရုပ်ပြသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)