ဥတ္တရသီရိမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ  သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် မြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေး အဖွဲ့ မြို့နယ် (Working Group)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါ အဖွဲ့၏ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ယခုဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအနေနှင့် သင်ကြား ပို့ချမှုအပေါ် အလေးထားပြီးသင်ယူကြရန် ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနခရိုင်/မြို့နယ်အဆင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း အင်အား(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို ဒီဇင်ဘာ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)