ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံအရှေ့ ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၆)၊ အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏တိကျမှန်ကန်သော လူဦးရေစာရင်းများအပေါ်အခြေခံပြီး ရှေ့လုပ်ငန်းစဉ်များ၊ အနာဂတ်ရေတိုရေရှည်စီမံကိန်းများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်သော လူတစ်ဦးချင်း၏အချက်အလက်များ တိကျ ၊ ပြည့်စုံမှန်ကန်စေရန်နှင့် လူဦးရေစာရင်းများ တိကျမှန်ကန်ရေးဟာ နိုင်ငံတော်အတွက် အလွန်အရေးကြီးတာဖြစ်တဲ့အတွက် မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ် (Working Group) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအနေနှင့် သင်ကြားပို့ချမှုအပေါ်အလေးထားပြီး သင်ယူကြရန်ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သင်တန်းပို့ချနေမှုစာသင်ဆောင်ခန်းများသို့ လှည့်လည်ကြည့်ရူခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမ စုစုပေါင်းလူအင်အား (၃၃၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂၇-၁၂၂၀၂၂) ရက်နေ့၌ သင်ကြားပို့ချပေးသွားမည်ဖြစ်၍ သင်တန်းသား၊ သင်တန်းသူ (၂၇၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

ဇွဲမင်းထက်