ရန်ကင်းမြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ရန်ကင်းမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင် (Working Group) မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထူးလွင်က လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ မြို့နယ် (Working Group) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး ယခုဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအနေနှင့် သင်ကြားပို့ချမှုအပေါ်အလေးထားပြီးသင်ယူကြရန် ရှင်းလင်းပြောကြားသည်။

သို့ဖြစ်ရာ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/ မြို့နယ်အဆင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်းလူအင်အား (၂၂၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂၇-၁၂-၂၀၂၂) ရက်နေ့မှ (၂၈-၁၂-၂၀၂၂) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆၈)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိရွှေစင်