ပုဇွန်တောင်မြို့နယ်တွင် မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးသင်တန်း ဖွင့်လှစ်

ပုဇွန်တောင် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် Working Group မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ  မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးသင်တန်းအား ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ဘုရားဖြူဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးလှဝင်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က သင်တန်းစည်းကမ်းနှင့် စာရင်းကောက်ယူရာတွင် လိုက်နာရမည့်ကျင့်ဝတ်များ၊ အဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြား ပို့ချမှုအပေါ် အလေးထားပြီးသင်ယူကြရန်  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တာဝန်ပေးအပ်သည့် အမိန့်စာများကို ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းပို့ချရာသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၃) ဦးလှဝင်းမောင်တို့မှ လိုက်လံကြည့်ရှုအားပေးပြီး သင်တန်းတွင် ပုဇွန်တောင်မြို့နယ် ဌာနဆိုင်ရာ အသီးသီးမှ အမှုထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပရဟိတ အသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ ၇၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ တစ်ရက် ဖြစ်ကြောင်း သိရသည်။ ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိကာ အိမ်ထောင်စု ၁၅၅၇၁ စုရှိပြီး မြေပြင်ကောက်ကွက် ၃၁ ကွက် ရှိကြောင်းနှင့် အဆိုပါမြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း များကို ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဟန်စုယဉ်(ပြန်/ဆက်)