ပခုက္ကူမြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးသင်တန်းဖွင့်လှစ်ပို့ချ

ပခုက္ကူ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁) ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေ စာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မှန်ကန်တိကျသော စာရင်းရရှိရေး မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပို့ချကြသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုအဖွဲ့(၁၅)ဖွဲ့၊ မြေပြင်တစ်အိမ် တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့(၆၂)ဖွဲ့ တက်ရောက် ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)