ဓနုဖြူမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ဓနုဖြူ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်()၊အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ..က() ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးမှ လူငယ်စကားဝိုင်းကျင်းပခြင်းဖြင့်လူငယ်တွေအနေနဲ့ အသိဉာဏ်ဗဟုသုတ ပိုမိုရရှိစေရန်၊ စကားပြောအတက်ပညာကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက် တက်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသူ မယမင်းမှ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဆောင်းနံ့သာစံမှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မမြတ်သန္တာအောင်မှ လူငယ်နှင့်ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ပြည်စုံဖြိုးမှ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသားမောင်သူရိန်ဦးမှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ တက်ရောက်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်()၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုငြိမ်းနှင့် ဆရာ/ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၃၁၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)