ပန်းတောင်း ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်စရစ်ကုန်းကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်း (၄၈၀`×၁၂`×၆`) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) အချိန်က စွယ်တော်အုပ်စု ကျောက်စရစ်ကုန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ရပ်မိရပ်ဖအနေဖြင့် ဦးတင်အုန်းမှ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရံပုံငွေဖြင့် ဆောင်ရွက်သော ကျောက်စရစ်ကုန်းကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းလွင်၊ ရပ်မိရပ်ဖ ဦးတင်အုန်းနှင့် တာဝန်ရှိသူတစ်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးလက်နေပြည်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)