မင်းတုန်း ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့၌ မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေး အတွက် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးဇော်မင်းကအဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးစိုင်းဝင်း သိန်းဦးကသင်တန်းနှင့် ပတ်သက်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အချက်အလက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ(၅)ဦးက မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းပို့ချရာ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများနှင့် စာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ သင်တန်း သား/သူ စုစုပေါင်း(၃၀၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)