နတ်မောက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးမှ ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးစသည့် စိတ်ပိုင်းဆိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဖွံ့ဖြိုးမှုသာမက ဉာဏ်ရည်နှင့်ယှဉ်တွဲကစားခြင်း၊ တစ်ယောက်နှင့်တစ်ယောက်အပေးအယူ သဘောကိုနားလည်စေပြီး စိတ်ပျော်ရွှင်မှုခံစားရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားပြိုင်ပွဲများကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ကလေးငယ်များက အရုပ်ကောက်အပြေး၊ ဗန်းရွက်အပြေး၊ အာလူးကောက်အပြေး၊ လက်ဆင့်ကမ်းအပြေး၊ မီတာတိုအပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေး စသည့်ကစားနည်းများကို ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့် မူကြိုဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း