ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အခြေခံမဲစာရင်းများ မှန်ကန်ရေးအတွက် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အဆင့် နည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ သည်။
သင်တန်းဖွင့်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဆင်ပေါင်ဝဲမြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစောလှမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းကောက်ယူ ရေးစီမံချက် သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်လက်စွဲ စာစောင်နှင့် စာရင်းကောက် ကျင့်ဝတ်များ၊ အထစ-ပုံစံ အလွတ်ရေးသွင်းခြင်း၊ ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းနှင့် စာရင်းချုပ်ပြုစု၍ ပြန်လည် အပ်နှံခြင်း၊ မသန်စွမ်း(၅)မျိုး ကောက်ယူခြင်း၊ ပြောင်းဝင်/ပြောင်းထွက်နှင့် သေဆုံးသူများအား မှတ်ချက်ပေးပြီး Upgrade ပြုလုပ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အောင်လံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖ၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ တစ်အိမ်ဆင်းတစ်အိမ်တက် ကောက်ယူမည့် ဆရာ/ဆရာမများ၊ လဝကဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)