ကန့်ဘလူ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက မိုးလုံလေလုံအားကစားရုံတွင် အလွတ်တန်း(အမျိုးသား) ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအလွတ်တန်းပိုက်ကျော်ခြင်း ဗိုလ်လုပွဲတွင် မြို့မအသင်းနှင့် မြို့ရှေ့(၁)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြို့မအသင်းက အနိုင်ရရှိခဲ့ကြောင်းနှင့် ယင်းပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက် ၁၈ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စနူကာပြိုင်ပွဲနှင့်ယခု အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲများမှာ ကျင်းပပြီးစီးခဲ့ပြီး ဆက်လက်၍ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်းနှင့် အဆိုပါအားကစားပြိုင်ပွဲများမှ ဆုရရှိသူများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်မြင့်မြတ်ထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)