မအူပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မအူပင် ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယား ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုးရွှေဝါခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု (၁၅) အုပ်စုမှ တောင်သူ (၁၃၅) ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျေးရွာအုပ်စု () အုပ်စုမှ တောင်သူ (၃၈၀) ဦး အတွက် ယူရီးယားဓာတ်မြေဩဇာ အိတ်ပေါင်း(၄၇၉၈)အိတ်အား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)