ထီးချိုင့် ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ အိမ်ထောင်စုမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းတာဝန်များ၊ မဲစာ ရင်းမှန်ကန်စေရေး၊ စာရင်းကောက်ယူတဲ့အခါ တိကျမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းကောက်ယူ ရေးသတ်မှတ်ရက်မတိုင်မီ မြို့နယ်အဆင့်ကော်မတီ၊ ရပ်ကွက်ကော်မတီနှင့် မြေပြင်တွင် တစ်အိမ် တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များကို ဖွဲ့စည်းပြီး ကွင်းဆင်းကောက်ယူရေး၊ သတ်မှတ်ရက်များအတွင်း စနစ်တကျ မှန်မှန်ကန်ကန် ပြီးစီးအောင်ဆောင်ရွက်ကြရန် ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဉာဏ်ဝေခန့်က လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ် အခြေအနေတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)