ညောင်တုန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၆

ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို‌ ပြိုင်ပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ ပညာရေးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းကမ်းများကိုလည်းကောင်း ပြောကြားပြီး စိန်ရတုလွတ်လပ်ရေးနေ့အကြို‌ စာစီစာကုံးပြိုင်ပွဲကို အစဉ်အဆက် လက်ဆင့်ကမ်းရမည့် သမိုင်းအမွေ၊ လွတ်လပ်ရေးနေ့ တို့မမေ့၊ ဘိုးဘွားတို့အမွေ ထိန်းသိမ်းစို့လေ စသည့်ခေါင်းစဉ်ဖြင့်ကျင်းပရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဇန်နဝါရီလ ၃ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)