ယင်းမာပင် ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ယင်းမာပင်မြို့မှ ရွှေပေါက်ပင်သီလရှင်ကျောင်းနှင့် တောရကျောင်းမှ သီလရှင်များအတွက် ဆွမ်းဆန်၊ ဆီ၊ အာလူးနှင့် ကြက်ဥများလှူဒါန်းခြင်းကို ခရိုင်စုပေါင်းရုံးဝင်းအတွင်ရှိ ဓမ္မာရုံ၌ ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သီးပင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ လှူဒါန်းမှုနှင့်ပတ်သက်၍ " ဒီနေ့လှူတဲ့ ဆွမ်းဆန်၊ ဆီ၊ အာလူးနဲ့ကြက်ဥကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းပေးတာဖြစ်ပါတယ်။
ဒါ့အပြင်ကျနော်တို့ မြို့နယ်ဌာနဆိုင်ရာတွေစုပေါင်းပြီး သီလရှင်ကျောင်း တစ်ကျောင်းအတွက် အလှူငွေကျပ် တစ်သိန်းသုံးသောင်းစီ လှူဒါန်းခဲ့ပါတယ်" ဟု မြို့နယ်ဥက္ကဋ္ဌဦးမျိုးမင်းသန့်က ပြောသည်။
အဆိုပါလှူဒါန်းပွဲသို့ သီလရှင်ကျောင်းများမှ သီလရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဆန်းမော်၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်း၊ မြို့နယ်ဥက္ကဋ္ဌဦးမျိုးမင်းသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်