စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်း ဒီဇင်ဘာ ၂၆

စစ်ကိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲ(၂)နာရီက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးအနှစ်သာရများကို ပြည်သူတစ်ရပ်လုံးသိရှိ နားလည်ပြီး အမျိုးကိုချစ်သည့်စိတ်၊ တိုင်းပြည်ချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ တိုးတက် လာစေပြီး လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေစအတွက် (၇၅)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များ၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ မိမိတို့ကော်မတီအလိုက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပေးကြဖို့ စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းကော်မတီများမှ မိမိတို့ဆောင် ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ဆွေးနွေးချက်များ အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်