ပန်းတနော် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တစ်မြို့နယ်လုံး မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အလယ်ပိုင်းရပ်ကွက် အ.ထ.က(၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်ကျော်သူက ရပ်ကွက်၊ ကျေးရွာများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်