ချောင်းဆုံ ဒီဇင်ဘာ ၂၆
ပွင့်လင်းရာသီရောက်ရှိလာပါပြီးဖြစ်၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိမိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် မီးလောင်မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒီဇင်ဘာ (၂၅)ရက် ညဦးပိုင်းတွင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ခရိုက်သစ်ကျေးရွာနှင့်ကွမ်သဲကျေးရွာတို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး ဆော်ဩနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါနှိုးဆော်ရာတွင် မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအနေနှင့် ချက်ပြုတ်ရာနှင့် မီးသုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးသော်လည်းကောင်း၊ (ထင်း၊မီးသွေး)မီးသော်လည်းကောင်း သုံးစွဲရာတွင် စနစ်တကျသုံးစွဲရန် စသည့်အချက်များအားလည်းကောင်း၊ မီးဘေးအပြင်အခြား သဘာဝဘေးနှင့် ပတ်သက်သည့်အချက်များကိုလည်း အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် အခြားကျေးရွာများသို့လည်း နေ့စဉ်သွားရောက်ဆော်ဩမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)