ဆိပ်ဖြူ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြို့တွင်းဗိုလ်ချုပ်လမ်းအား လမ်းကျယ် ၁၈ ပေမှ၂၄ ပေအထိလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကိုဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီကတာဝန်ယူ၍ ဆောင်ရွက်လျက်ရှိပြီး လမ်းအသုံးပြုသူပြည်သူများ လမ်းခရီးသွားလာမှုအဆင်ပြေစေရန် လမ်းအကျယ် (၁၈)ပေမှ (၂၄)ပေ အကျယ်ချဲ့ထွင်ခြင်း၊အရှည်(၃)ဖာလုံကို ဆိပ်ဖြူ - ဆော - ကန်ပက်လက်ကားလမ်း မြို့ဝင်နေရာမှ မြို့တွင်းပတ္တမြားဈေးအနီးအထိ ဒီဇင်ဘာပထမပတ်မှစတင်၍ လက်ရှိအချိန်ထိ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း (၉၀) ရာနှုန်းရှိပြီဖြစ်ကြောင်း၊ ၎င်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနနှင့် နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီက အင်ဂျင်နီယာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)