စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၂၆

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြိုဆိုပွဲအခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ဒီကျောင်းတော်ကြီးကို ပညာသင်ခွင့်ရရှိခဲ့ကြတဲ့ ကျောင်းသား/ ကျောင်းသူများအားလုံးကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ဒီကျောင်းတော်ကြီးရဲ့ သက်မှတ်စည်းကမ်းများနှင့်အညီ သင်ကြား ပို့ချပေးသွားမယ့် ပညာရပ်တွေကို ကြိုစားသင်ယူကြရင်း မိမိတို့ကျရာနေရာ ဒေသအသီးသီး ရောက်ရှိတဲ့အခါ ပြန်လည်သင်ကြားပို့ချပေးပြီး နိုင်ငံတော်မှ အားထားရတဲ့  သားကောင်း/ သမီးမွန် များဖြစ်အောင် မွေးထုတ်ပေးနိုင်တဲ့ ဆရာ/ ဆရာမကောင်းများဖြစ်အောင် ကြိုးစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားကာ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက လည်း ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားများ ပြောကြားပေးခဲ့ကြကာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များက ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ကြသည်။

ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြီး (၂၃) ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး နိုင်ငံတော်အဆင့် ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများ နှင့် World Tourism Day စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူ ဂျပန်နိုင်ငံ Cabinet က ကြီးမှူး၍ SSEAYP Youth Conference 2022 သို့ စစ်ကိုင်း ပညာရေးတက္ကသိုလ် ကိုယ်စားပြု Online ဖြင့် တက်ရောက်ခွင့်ရရှိခဲ့သော မောင်မင်းသူကိုတို့အား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်