သဲကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲပြုလုပ်

သဲကုန်း ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရွာလှကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ အ.ထ.ကခွဲ ရွာလှကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်တို့က သင်တန်းဆင်းအမှာစကား အသီးသီးပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ  ဦးတင်ဦးက ကျောင်းကြက်ခြေနီအသင်းခွဲသို့ First Aid ဆေးအိတ်ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းမှ လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲသို့ သဲကုန်းမြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းနှင့် ဆရာ ဆရာမများ၊ Grade 8, 9 ,10 မှ သင်တန်းသား သင်တန်းသူ(၅၂)ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)