ဖြူးမြို့နယ်၌ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲကျင်းပ

ဖြူး   ဒီဇင်ဘာ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စည်ပင်သာယာရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်က  သင်တန်းပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနှင့် ဖွင့်ပွဲသို့မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။

အဆိုပါသင်တန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရာအိမ်မှူးများ၊ ကျောင်းဆရာ/ဆရာမများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၃၀၀)ဦးတက်ရောက်မည်ဖြစ်ပြီး ဖြူးမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာများအား ပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းကာလမှာ (၂၆-၁၂-၂၀၂၂)ရက်နေ့မှ (၂၇-၁၂-၂၀၂၂)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)