လောကသရဖူကျောင်းတိုက်တွင် ဂန္ဓာကုဋိတိုက်တော်ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ လောကသရဖူကျောင်းတိုက်တွင် ဂန္ဓာကုဋိတိုက်တော်ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနား တွင်မြို့နယ် သံဃနာယကဆရာတော်ကြီးဦးသံဝရ ငါးပါးသီလခံယူ၍ ရေစက်ချ အမျှပေးဝေခဲ့ကြပြီးဂန္ဓာကုဋိတိုက်တော်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ အမြောက်တပ် (၅၀၉) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ဂန္ဓာကုဋိတိုက်တော်ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်တော်မင်္ဂလာ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ကိုကို မင်း (ပြန် / ဆက်)