ပန်းတောင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဌာနဆိုင်ရာပေါင်းစုံ အမျိုးသား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းလွင်က အဖွင့်အမှားစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဒေါ်စောမာလာမှ အားကစား သစ္စာအဓိဌာန် (၄) ချက်အား တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့်တကွ ယှဉ်ပြိုင်မည့် အားကစားများက ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ဥပဒေအရာရှိ ဦးခင်းမောင်ထွေးမှ ဖူဆယ်ကွင်းအတွင်း ဘောလုံးကန် ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာအသင်း (၁၁) မှယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)