ချောင်းသာ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျှော့ချ သုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်တစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ရွှေသာယာမြို့မစျေးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များ၊ မြို့စည်ပင်သာယာရေးဝန်ထမ်းများလိုက်ပါ၍ ဈေးရောင်းချသူများ အနေဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း ရှိ/မရှိ၊ ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာစက္ကူ များဖြင့်သာ ထုပ်ပိုးရောင်းချစေရေးတို့ကို စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ချောင်းသာမြို့တွင် တစ်ခါသုံး ပလတ်စတစ်အိတ်များ လျှော့ချသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ပြီး စျေးရောင်း၊ စျေးဝယ်များ ပလတ်စတစ်လျော့ချသုံးစွဲရေးတို့ကို စျေးများအတွင်း လှည့်လည်အသိပညာပေးခြင်းများနှင့် လိုက်လံစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)