(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး‌နေ့ အထိမ်းအမှတ်မြို့ အုပ်ချုပ်ရေးမှူးဖလားအမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေနေ့းအထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလားအမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား တွင်ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှကျေးဇူးတင်စကားပြောကြားပြီး ဆုရရှိအသင်းများအား ဆုများချီးမြှင့်ပေးရာတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု၊ အကောင်းဆုံး အားကစားသမားဆု(၆)ဆုစသည်တို့ကို တက်ရောက်လာကြသောဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ အသီးသီးပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့်အတူ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးအသင်းအုပ်ချုပ်သူများ၊ အားကစားသမားများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပွဲကြည့်ပရိသတ်များစုံညီစွာ တက်ရောက်အားပေးခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)