မြို့သစ်မြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ဝိုင်းကျင်းပ

မြို့သစ် ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာပေချစ်မြတ်နိုးသူ အသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု ဗဟိုဌာန၌ စာရေးဆရာ ဒီပံလင်း၏ “ နောက်ဆုံးကျန်သော ရေတစ်စက် ရေနိုင်ငံရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာဖတ်သူအချင်းချင်းရင်းနှီးထိတွေ့မှုရှိစေရန်၊ တစ်ဦးနှင့် တစ်ဦး စာပေဗဟုသုတ များ ဖလှယ်နိုင်စေရန်အတွက် လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြား ၍ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ကြည်၊ ဦးကံရင်၊ ဦးတင်မောင်ဝင်းတို့မှ   “နောက်ဆုံးကျန်သော ရေတစ်စက် ရေနိုင်ငံရေး” စာအုပ်တွင်ပါဝင် သည့် လွင့်မျောနေသော မြေကမ္ဘာ၊ ရေပုဂ္ဂလိကပိုင်ပစ္စည်းဖြစ်လာပုံ၊ သဘာဝဘေး အန္တရာယ် လောလူလုပ်သည့် ဘေးအန္တရာယ်လော၊  အမေဇုန်မြစ်ရိုးတစ်လျှောက် ခရီးတစ်ထောက်၊  အကျိုး ဝိပါက်ခါး ချက်ရယ်နာ  စသည့်အကြောင်းအရာများအား   အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)