မင်းလှ ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကြက်ခြေနီအ သင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း၌ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် သာယာဝတီခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦးတို့က အမှာစကား ပြောကြားသည်။ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးဝေဖြိုးက သင်တန်းပြုလုပ်ရခြင်း အကြောင်းအရာများနှင့် ကျေးဇူးတင်စကားပြောကြားပြီး၊ အ.ထ.က( မင်းလှ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ချို တို့က ကျေးဇူးတင်စကားပြောကြား၍နည်းပြများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။
ထို့နောက်သင်တန်းတွင်ဖြေဆိုအောင်မြင်ခဲ့သည်ကျောင်းသားကျောင်းသူ(၅၀)ဦးအား သင်တန်းဆင်းလက်မှတ်များနှင့်ထူးချွန်ဆု (ပ၊ဒု၊တ) ရရှိခဲ့သည့်ကျောင်းသားကျောင်းသူများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်တာဝန်ရှိသူများကဆုများအသီး သီးချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)