ယင်းမာပင်၌ စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပ

ယင်းမာပင်   ဒီဇင်ဘာ ၂၅

စိန်ရတု လွတ်လပ်​ရေး​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ယမန်နေ့က မြို့နယ်အဆင့် အားကစား ပြိုင်ပွဲများကျင်းပ​ပေး​ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ဦး​ဆောင်မှုဖြင့်ကျင်းပ​ပေးခြင်းဖြစ်ပြီးမီတာ ၁၀၀၊ မီတာ၂၀၀ အ​ပြေးပြိုင်ပွဲ​၊ အပ်ထိုးပြိုင်ပွဲ၊ အိတ်စွပ်အ​ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ကျင်းပ​ပေးရာ အားကစားဝါသနာရှင် ပြည်သူ များပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြ​ကြောင်း သိရသည်။

"ဒီ​နေ့မှာ ခရိုင်အဆင့်ကျင်းပ​ပေးတဲ့ အားကစားပွဲ​တွေထဲက ပွဲကျန်ဖြစ်တဲ့ မီနီမာရသွန်ပြိုင်ပွဲနဲ့အတူ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပ​ပေးတာဖြစ်ပါတယ်၊ ဆုရရှိတဲ့ပြိုင်ပွဲဝင်​တွေကို စိန်ရတု​လွတ်လပ်​ရေး​နေ့အခမ်းအနားမှာ ဆုများချီးမြှင့်သွားမှာဖြစ်ပါတယ်"ဟု မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ​ပြောသည်။

 အားကစားပြိုင်ပွဲများတွင်​ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြသည့်ပြိုင်ပွဲဝင်များအား ခရိုင်စီမံ အုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးဆန်း​မော်၊  အဖွဲဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းခိုင်ထွန်း၊ မြို့နယ် ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအား​ပေး ခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်