စလင်း ဒီဇင်ဘာ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်မှုဖြင့် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန်ပစ္စည်း (၈) မျိုးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်း အတွင်း၌ ဝင်ငွေနည်းပါးသော ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့်အသားများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း ကို ယမန်နေ့ နံနက် ၇ နာရီ ၃၀မိနစ် အချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဝင်ငွေနည်းပါးသည့် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရောင်းချပေးရာတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စုတစ်စုလျင် ဆန်တစ်ပြည် ၁၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား ၂၅၀၀ ကျပ်၊ အမဲသား ၂၅ ကျပ်သား ၂၀၀၀ ကျပ်၊ ဝက်သား ၂၅ ကျပ်သား ၂၀၀၀ ကျပ်၊ အာလူး ၅၀ ကျပ်သား ၁၀၀၀ ကျပ်၊ ကြက်သွန်နီ ၅၀ ကျပ်သား ၁၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ၅၀ ကျပ်သား ၅၀၀ ကျပ်၊ ကြက်ဥ ၆ လုံး ၁၀၀၀ ကျပ် တို့ဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချလျက်ရှိသည်။
ထိုသို့စျေးနှုန်းသက်သာစွာဖြင့်ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်း နိုင်၊ ဗိုလ်မှူးထင်လင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများက ရောင်းချပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ပြည်သူများကလည်း စည်းကမ်းတကျအခြေခံ စားသောက်ကုန်များကို ဝယ်ယူအားပေးကြကြောင်း စလင်းမြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်