ကသာခရိုင်တွင် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

ကသာ ဒီဇင်ဘာ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်အားကစားနှင့်ကာယပညာ ကော်မတီမှ ကြီးမှူးကျင်းပသော အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၃ ရက်နေ့ညနေ (၄)နာရီအချိန်က မြဆည်းဆာကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ကောင်းမွန်စွာ ယှဉ်ပြိုင်ကြရန်မှာကြားခဲ့သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်  မြို့ပေါ်ရပ်ကွက်များမှ အားကစားအသင်း(၈)သင်းတို့က အုပ်စုပတ်လည် ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပြိုင်ပွဲတွင် Purified အားကစားအသင်းနှင့် ရပ်ကွက် (၈)အားကစားအသင်းယှဉ်ပြိုင်ခဲ့ရာ Purified အားကစားအသင်းမှ (၃)ဂိုး(၁) အနိုင်ရရှိခဲ့ပြီး ဆုရရှိခဲ့ကြသော အားကစားသမားများအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကျော်စွာ(ကသာ)