ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကြံခင်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို အသင်း(၁၇)နှစ်သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ ယနေ့ဗိုလ်လုပွဲတွင် ရွှေတောင်စုလူငယ်ဘောလုံးအသင်းနှင့် ကဇင်းကြီးလူငယ်ဘောလုံးအသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး ရွှေတောင်စုလူငယ်ဘောလုံးအသင်းက (၅)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပထမဆုရရှိသော ရွှေတောင်စုလူငယ်ဘောလုံးအသင်းအား ငွေကျပ်(၅)သိန်း၊ ဒုတိယဆုရရှိသော ကဇင်းကြီးလူငယ်ဘောလုံးအသင်းအား ငွေကျပ်(၃)သိန်း၊ တတိယဆုရရှိသော ရေနံတောင်လူငယ်ဘောလုံးအသင်းအား ငွေကျပ်(၂)သိန်း၊ စတုတ္ထဆုရရှိသော အလုံလူငယ်ဘောလုံးအသင်းအား ငွေကျပ်(၁)သိန်း၊ အသန့်ရှင်းဆုံးနှင့် အတိုးတက်ဆုံးဆုရရှိသော ပက်မခမ်းလူငယ်အသင်းအား ငွေကျပ်(၁)သိန်းစီနှင့် အကောင်းဆုံးဘောလုံးအားကစားသမားဆုများ၊ ဆုတံဆိပ်များကို တာဝန်ရှိသူအသီးသီးက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခြေလျင်တပ်ရင်း(၅၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်ငြိမ်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အသင်းနည်းပြနှင့် အသင်းဝင်များ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)