မင်းတုန်းမြို့၌ ဒီဇင်ဘာအားကစားလ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲပြုလုပ်

မင်းတုန်း ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာအားကစားလ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂) ရပ်ကွက်ရှိ အားကစားရုံတွင် အကြိုဗိုလ်လုပွဲစဉ်(၂)ပွဲယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၈)သင်းဖြင့် အပတ်စဉ်စနေ့နေ့တိုင်း ပြိုင်ပွဲကျင်းပခဲ့ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သရှိရသည်။

မြို့နယ်(ပြန်/ဆက်)