မြန်အောင် ဒီဇင်ဘာ ၂၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် မြန်အောင်ဗုဒ္ဓမြတ်စွယ်တော် နဝမအကြိမ်မြောက်ပူဇော်ပွဲအထိမ်းအမှတ် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပရဟိတမြို့ ရွှေကျောင်းလူငယ်ဘင်ခရာတီးဝိုင်းဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းချီတက်နေရာယူခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်က ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ယနေ့ညနေယှဉ်ပြိုင်ကစားမည့် ရွှေကျောင်းလူငယ်အသင်းနှင့် ကံဦးလူငယ်အသင်းတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင် ၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်က ဘောလုံးကန်၍ စတင်ဖွင့်လှစ်ပေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)