အမာ ဒီဇင်ဘာ ၂၄
အမာမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက အမာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနား၌ ဘောလုံးကစားသမားများက အသင်းအလိုက်စစ်ကြောင်းပုံစံဖြင့် ချီတက်နေရာယူပြီး နိုင်ငံတော်အလံကို အလေးပြုကာ သစ္စာဓိဌာန်လေးချက်အား ရွတ်ဆိုခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစောနေနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားကြီးကြပ်မှုကော်မတီဝင် ဦးမောင်မောင်ထွေးမှ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းချက်များကို အသိပေးပြောကြားခဲ့ပြီး ဖွင့်အခမ်းအနားပြီးချိန်တွင် ဘောလုံးပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးအသင်းများမှ အားကစားသမားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဘောလုံးအသင်း(၂၂)သင်း ပါဝင်ယှဉ်ပြိုင်ပြီး ဒီဇင်ဘာလ၂၃ ရက်မှစတင်ကာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)