ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ချောင်းဦး  ဒီဇင်ဘာ   ၂၄

ကလေးငယ်များအား နိုင်ငံအတွက် အားထားရသည့် သားကောင်း သမီးကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁နာရီက‌ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက အရွယ်မရောက်သေးသူ ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ပုံအဆင့်ဆင့်၊ ကလေးငယ်အား ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေး၊ ဥနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးများအတွက် ပြုစုပျိုးထောင်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ ချောင်းဦးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာစိန်မှ ပြန်လည်၍ အကျယ်တ၀င့် ရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာစိန်မှ  ရှင်းလင်းဆွေးနွေးရာတွင် ကလေးဖွံ့ဖြိုးမှုအတွက် ဖွံ့ဖြိုးမှုနယ်ပယ်()ရပ်ရှိကြောင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဆိုင်ရာ(သို့)သိမှုဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ဖြိုးမှုစသည့် နယ်ပယ် ()ရပ်အား အ‌သေးစိတ် ရှင်းလင်းဆွေနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုမီဒီယာ Facebook Page တွင် ရုပ်သံလွှင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်