၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသမီး (3 x 3) ဘတ်စကက်ဘောပြိုင်ပွဲပြုလုပ်

ကသာ ဒီဇင်ဘာ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ကသာမြို့တွင် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုး သမီး(၃ x ၃) ဘတ်စကက်ဘောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးသမီး (၃ x ၃) ဘတ်စကက်ဘောပြိုင်ပွဲတွင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ဘတ်စကက်ဘောအသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပတ်လည်အားကစားပွဲပြိုင်ပွဲ တွင် indaw(b)အားကစားအသင်းနှင့် Winners အားကစားအသင်းတို့ယှဉ်ပြိုင်ကြရာ indaw(b) အားကစားအသင်းက တတိယနေရာကိုလည်းကောင်း၊   MOH အားကစားအသင်းနှင့် indaw(A) အားကစား အသင်းတို့ကဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ MOH အားကစားအသင်းက အနိုင်ရရှိကာ ပထမဒိုင်းဆုဖလားကို ဆွတ်ခူးသွားခဲ့ပြီး ကသာခရိုင် Freedom Fitness Dance အဖွဲ့မှ Fitness Dance အကများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်များတွင် ဆုရရှိကြသော အားကစားသမားများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းထံမှ  သိရသည်။

ကျော်စွာ(ကသာ)