ပဲခူး ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ ရပ်ကွက်နေပြည်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာ (စတုတ္ထပတ်) လူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှစတင်၍ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပု လမ်း၊ တောင်ငူလမ်း၊ ဟင်္သာလမ်းနှင့် ဟံသာဝတီယူနိုတ်တက် ဘောလုံးကွင်းအထိ စုပေါင်း လမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား ( ၃၆၀၀)ဦး ကျော်တက်ရောက်ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကောက်ညှင်းပေါင်း/ အကြော်/ လက်ဖက်ရည်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)