ပေါက်ခေါင်း ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့က ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေရရှိရေးလုပ်ငန်းအဖြစ် ဆောင်ရွက်သည့် စက်ရေတွင်းဖွင့်ပွဲကို ယမန်နေ့က ဖိုကုန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမို့မို့ဝင်း(နည်းပညာ)က စက်ရေတွင်းတူးဖော်ခဲ့မှုနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်နှင့် ကျေးလက်ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဌေးဇော်တို့က အဆိုပါစက်ရေတွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရေတွင်း ရေတင်စနစ်အားကြည့်ရှုခဲ့သည်။ အဆိုပါစက်ရေတွင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၄ ဒသမ ၁၅ သန်းဖြင့် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ကျေးလက်ရေရရှိရေး လုပ်ငန်းအဖြစ် ဆောင်ရွက်သော တွင်းအကျယ် ၄ လက်မ၊ အနက်ပေ ၅၀၀ နှင့်ရေဂါလံ (၅၀၀၀)ဆံ့ ရေလှောင်ကန်တို့ပါဝင်သော ဆိုလာစနစ် အသုံးပြုရသည့် စက်ရေတွင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)