ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင်မြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကကြီးမှူး၍၊ ပညာပျိုးခင်းမူကြိုကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကလေးများအတွက် ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၈ )နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက ကာယစွမ်းရည် ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အနီရောင်ဘောလုံးရွေးချယ်ပြိုင်ပွဲ၊ အက္ခရာစာလုံးချိတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံတူရုပ်ဆက်ပြိုင်ပွဲများ ပြုလုပ်ရာ ပြိုင်ပွဲဝင်ကလေးဦးရေ(၄၃) ဦးတို့က ပါဝင်ယှဥ်ပြိုင် ခဲ့ကြပြီးဆုရရှိသည့်ကလေးများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ကလေးမိဘများမှ မေတ္တာလက်ဆောင်များ အသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)