ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမ ပညာသင်ကာလ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီက အဆိုပါတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ပညာရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အစဉ်အဆက်မွေးထုတ်ပေးလျက်ရှိရာ မိမိတို့တက္ကသိုလ်အနေနဲ့ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ထွက်ပေါ်လာဖို့အတွက် ယခုလိုအားကစာပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများ ပညာရေးအပြင် ကိုယ်ကာယကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် အချင်းချင်း ချစ်ခင်လေးစားမှုရှိပြီး စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အားစကားသမားများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြပြီး သင်္ချာအသင်းနှင့် ရူပဗေဒအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြရာ - ဂိုးဖြင့် သရေကျခဲ့ပြီး အဆိုပါ အဖွင့်အားကစားပွဲအား ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာယဉ်ယဉ်အေးနှင့် သင်ကြား/စီမံဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဘောလုံးအားကစားပွဲများကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် သင်္ချာအသင်း၊ ရူပဗေဒအသင်း၊ ဓာတုဗေဒအသင်းနှင့် ညွှန့်ပေါင်းအသင်း လေးသင်းပတ်လည် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)