စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ တက်ရောက်အားပေးချီးမြှင့်

စစ်ကိုင်း ဒီဇင်ဘာ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျောင်းသားအားကစားပြိုင်ပွဲများကို အားကစားနည်း (၅) မျိုးဖြင့် ဒီဇင်ဘာ (၁၉) ရက်နေ့မှစ၍ အုပ်စုပြိုင်ပွဲများအား စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ ဘော့လုံးကွင်း၊ အားကစားခန်းမနှင့် နှစ်(၇၀၀) အားကစားကွင်းများတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့တွင် စစ်ကိုင်းခရိုင်နှင့် ဟုမ္မလင်းခရိုင် အမျိုးသား ဘော့လုံးအသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ဟုမ္မလင်းခရိုင် ဘောလုံးအသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ဆုရရှိခဲ့ကြသည့် အားကစားသမားများ အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြ/ အုပ်ချုပ်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်